top of page
An HFA staff shows a group of girls a model of a uterus with an intrauterine device (IUD) inserted.

မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးများ

13

မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ

625

အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြသည့် အမျိုးသမီးများ

365

အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြသည့်
အမျိုးသားများ

722

ပေးဝေခဲ့သော ဓမ္မတာဆိုင်ရာ တစ်ကိုယ်ရေသုံး ပစ္စည်း အစုံ အရေအတွက်

မြန်မာပြည်ရှိဒေသအများအပြားတွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအကြောင်းကို မပြောအပ်သောအကြောင်းအရာတစ်ခုအဖြစ်သတ်မှတ်ထားဆဲဖြစ်သည်။ ဤအကြောင်းအရာအား တစ်ချို့ကျောင်းစာသင်ရိုးညွှန်းတမ်းတွင်ထည့်သွင်းထားသော်လည်း ကျောင်းသား/ကျောင်းသူများသည် မျိုးဆက်ပွားစနစ်၏အခြေခံ သဘောတရားများကိုသာ သင်ကြားလေ့လာရကြသည်။ လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သည် ဤကွာဟနေမှုကိုဖြည့်စီးပေးရန်နှင့် မျိုးဆက်ပွားကျန်းမာရေးသည် လူ့အခွင့်အရေးဖြစ်ကြောင်း အသိကို မြှင့်တင်ပေးရန် မြန်မာပြည်ရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်းပါးသောနေရာများတွင် မျိုးဆက်ပွားကျန်းမာ ရေးနှင့်အခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်ပေးလျှက်ရှိသည်။

မျိုးဆက်ပွားကျန်းမာရေးနှင့်အခွင့်အရေးများဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများသည် အမျိုးသမီးများအတွက်သာမက အမျိုးသားများအတွက်ပါပြုလုပ်ပေးလျှက်ရှိပြီး ဆယ်ကျော်သက်အရွယ် လူငယ်လူရွယ်များအတွက် အဓိက ပစ်မှတ်ထား၍ ပြုလုပ်ပေးနေသည်။ မိမိခန္ဓာကိုယ်အကြောင်းသိချင်သည့် အခြား မည်သည့် စိတ်ဝင်စားသူမဆိုသည် အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်နိုင်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲများတွင် တက်ရောက်သူများသည် ပျိုဖော်ဝင်ချိန်အကြောင်း၊ အမျိုးသားနှင့်အမျိုးသမီးများ၏ မျိုးဆက်ပွားစနစ်အကြောင်း၊ ကိုယ်ဝန် ဆောင်ခြင်းအကြောင်း၊ ဓမ္မတာစက်ဝန်းအကြောင်းနှင့် လိင်ဆက်ဆံခြင်းမှကူးဆက်သောရောဂါများအကြောင်းကို ဆွေးနွေးလေ့လာကြပါသည်။

အမျိုးသမီးများအတွက်အလုပ်ရုံဆွေးနွေးပွဲများတွင် ဓမ္မတာဆိုင်ရာ တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်းနှင့် Days for Girls Australia အဖွဲ့မှ ပေးလှူသော ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သည့် အမျိုးသမီးလစဥ်သုံးပစ္စည်းများအား မည်သို့ အသုံးပြုရမည်နှင့် မည်သို့ထိန်းသိမ်းရမည်ကိုလည်း သင်ကြားလေ့လာကြရသည်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ဓမ္မတာသွေးဆုံးခြင်းမရှိသေးသူတိုင်းသည် ထိုအမျိုးသမီးလစဥ်သုံးပစ္စည်း တစ်စုံစီကို ရရှိကြသည်။ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပြီးနောက် ၃ လ အကြာတွင် နောက်ဆက်တွဲ အစည်းအဝေးတစ်ခုကိုပြုလုပ်လေ့ရှိပြီး ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သည့် အမျိုးသမီးလစဥ်သုံးပစ္စည်းများအားအသုံးပြုခြင်းနှင့်ပတ်သတ်သည့် သုံးသပ်ချက်များကို စုဆောင်းကောက်ခံလျှက်ရှိသည်။

IMG_6841.JPG

Contact Us 

  • Facebook

Address: No.5/576, U-Yin 1st Street, Ward (5), Hpa-an, Kayin State

Email: hfa.myanmar@gmail.com

bottom of page