
ကျွန်ုပ်တို့၏ ရန်ပုံငွေ
ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များ၊ ထောက်ခံအားပေးသူများနှင့် အလှူရှင်များမရှိလျှင် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့ သည် ကျွန်ုပ်တို့၏လူနာများ၏ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်နိုင်မည်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခွင့်အရေးနည်းပါးသောလူမှုအသိုက်အဝန်းများတွင် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုလုပ်ငန်းစဥ်များကို လုပ်ဆောင်နိုင်မည်မဟုတ်ပါ။ လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုဆိုင်ရာ အခြေခံမူများကို ခိုင်မာတင်းကြပ်စွာ လိုက်နာစောင့်ထိန်းလျှက်ရှိပြီး ညီအစ်မအဖွဲ့အစည်းဖြစ်သည့် Burma Children Medical Fund နှင့် နီးနီးကပ်ကပ် ဆောင်ရွက်လျက် ရှိသည်။ လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့သည် လုပ်ငန်း ဝင်ငွေထွက်ငွေများ အားလုံး၊ ပံ့ပိုးပေးထားသော လူနာများနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုခြင်းလုပ်ငန်းစဥ်များအားလုံး၏ အသေးစိတ်မှတ်တမ်းများကို သိမ်းဆည်းထားပါသည်။ ထို့အပြင် ရန်ပုံငွေအများစုကို ကျွန်ုပ်တို့၏လူနာများနှင့် ကျွန်ုပ်တို့၏ ကျန်းမာရေးဆိုင်ရာ ကမ်းလင့်ထောက်ကူခြင်းလုပ်ငန်းစဥ်များ၏ အကျိုးခံစားရသူများဆီသို့ ရောက်ရှိစေရန် စီမံခန့်ခွဲရေးကုန်ကျစရိတ်များကို အနည်းဆုံးဖြစ်အောင် စီစဥ်ဆောင်ရွက်ထားသည်။
