top of page

ပြောင်းလဲမှု
တစ်ခုအတွက်
သင်လုပ်နိုင်သည်။

လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့၏ လူနာအများစုသည် ဆေးကုသမှုကုန်ကျစရိတ်အတွက် မတတ်နိုင်သဖြင့် ၎င်းတို့၏ ခွဲစိတ်မှုများကို ပံ့ပိုးပေးခြင်းသည် လူနာများသာမက ၎င်းတို့၏ မိသားစုများအတွက်ပါ ပြောင်းလဲမှုကို ဖြစ်စေပါသည်။

၁၀၀% သော အလှူငွေများသည် လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့၏ အကျိုးခံစားခွင့်ရသူများ၏ ဆေးကုသစရိတ်၊ နေရာထိုင်ခင်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာကုန်ကျစရိတ်များအတွက် အသုံးပြုသွားမည်ဖြစ်သည်။ တစ်ကြိမ်တစ်ခါလှူဒါန်းခြင်းဖြစ်စေ ပုံမှန်လှူဒါန်းခြင်းဖြစ်စေ လှူဒါန်းမှုတိုင်းအတွက် ကျွန်ုပ်တို့ အထူးကျေးဇူးတင်ပါသည်။ ဆေးကုသမှုကုန်ကျစရိတ်တစ်ရပ်လုံး သို့မဟုတ် ဆေးကုသမှုစရိတ်၏ တစ်စိတ်တစ်ပိုင်းကို လှူဒါန်းရန် သင့်အား ကြိုဆိုပါသည်။

မဆောင်းသည် ၁၃ နှစ်အရွယ်ဖြစ်ပြီး Cerebral Palsy ဟုခေါ်သော ဦးနှောက်ထိခိုက်ပျက်စီးမှုကြောင့်ဖြစ်သည့် လေဖြတ်ရောဂါဖြင့်မွေးဖွားလာခဲ့သည်။ မဆောင်းအနေဖြင့် လမ်းလျှောက်နိုင်လာရန်အတွက် မော်လမြိုင်မြို့ရှိ ခရစ်ယာန်အထူးအရေပြားဆေးရုံတွင် ခြေဖနောင့်ကြောခွဲစိတ်မှုကိုပြုလုပ်ခဲ့သည်။ “ကျွန်မ တစ်နေ့ ကျောင်းကို ကိုယ်ဖာသာကိုယ်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်မရဲ့ အဖိုးလည်း ကျွန်မကိုလိုက်ပို့စရာမလိုတော့အောင်ကို မျှော်လင့်မိပါတယ်။”

Ma Saung.jpg
IMG_8969.JPG
IMG_7945_edited.jpg
20210215_105534.jpg

ကျွန်ုပ်တို့၏ ‌ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုခြင်းလုပ်ငန်းစဥ်များအား ပံ့ပိုးပေးပါ။

လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဥ်

များသည် ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ပေးခြင်း နှင့်

အခြားကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုများစွာအားပြုလုပ်ခြင်းဖြင့် အကျိုး

ခံစားသူများ၏ဘဝအရည်အသွေးကို မြှင့်တင်ပေး၍ မြန်မာနိုင်ငံရှိ

ရပ်ရွာလူထုများအား ကျန်းမာရေးစောင့်ရှောက်မှုအတွက်လက်လှမ်း

မီမှုကို ပံ့ပိုးပေးလျှက်ရှိသည်။

ကျွန်ုပ်တို့သည် မည်သည့်လှူဒါန်းမှုကိုမဆို အလေးအနက် ကျေးဇူး

တင်ပါသည်။ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဥ် တစ်ခု သို့မဟုတ် အားလုံး

အတွက် ကူညီပံ့ပိုးပေးနိုင်ရန် သင့်အား ဖိတ်ခေါ်ပါသည်။ ငွေကြေးပံ့ပိုးမှု

များအပြင် အသုံးမပြုရသေးသော အမျိုးသမီးအတွင်းခံဘောင်းဘီ

အသစ်များနှင့် ဆပ်ပြာများသာမက ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်

သော ဓမ္မတာရာသီပေါ်ချိန်အတွက် အသုံးပြုသည့် ဂွမ်းဖတ်များလည်း

လိုအပ်လျှက်ရှိသည်။

HFA Bank Account (Burma)

အောက်ပါနည်းလမ်းများဖြင့် ကျွန်ုပ်တို့ထံသို့ လှူဒါန်းနိုင်ပါသည်။

IMG_7461.JPG

ဘဏ်မှတဆင့်

မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့၏ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။ ဘဏ်ထဲသို့ငွေလွှဲပြီးနောက်တွင် လှူဒါန်းငွေပေးပို့ကြောင်းနှင့် မည်သည့်လုပ်ငန်းစဥ်အတွက် လှူဒါန်းခြင်းဖြစ်ကြောင်းကို ကျွန်ုပ်တို့ထံသို့ အီးမေးလ်တစ်စောင်ပေးပို့ခြင်းဖြင့် အကြောင်းကြားရန် ကျွန်ုပ်တို့ တောင်းဆိုလိုပါသည်။
 

ဘဏ် - CB ဘဏ် (မြဝတီ ဘဏ်ခွဲ)

အကောင့်နံပါတ် - ၀၀၁၄ ၆၀၀၃ ၀၀၀၀ ၀၂၉၉

အကောင့်နာမည် - HEALTH FOR ALL

ဘဏ်လိပ်စာ - အမှတ် ၈/၅၁ ဘုရင့်နောင်လမ်း၊ရပ်ကွက် ၂၊ မြဝတီမြို့၊ ကရင်ပြည်နယ်၊ မြန်မာ 

သတိပြုရန်

လက်ရှိအခြေအနေကြောင့် ထိုင်းနိုင်ငံရှိ ကျွန်ုပ်တို့၏
ညီအစ်မအဖွဲ့အစည်းဖြစ်သည့်

Burma Children Medical Fund မှ
ကျွန်ုပ်တို့အတွက် အလှူငွေများကိုလက်ခံပေးလျှက်
ရှိပါသည်။


မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်
မှစကာ အာဏာသိမ်းပြီးသည့်နောက် ဘဏ်မှတဆင့်
လှူဒါန်းမှုများကို ကျွန်ုပ်တို့ လက်ခံ၍မရတော့ပါ။
မြန်မာနိုင်ငံရှိ ဘဏ်အများစုမှာ အကန့်အသတ်ဖြင့်သာ
အလုပ်လုပ်ကိုင်လျှက်ရှိပြီး အချို့သော ATMစက်များ
သာ လည်ပတ်လျက်ရှိသည်။ဘဏ်အများစုသည်
ငွေအနည်းငယ်ကိုသာ ထုတ်ယူခွင့်ပြုသဖြင့်
ငွေထုတ်ရာတွင် ကန့်သတ်ချက်များလည်းရှိသည်။

Contact Us 

  • Facebook

Address: No.5/576, U-Yin 1st Street, Ward (5), Hpa-an, Kayin State

Email: hfa.myanmar@gmail.com

bottom of page