top of page
HFA_Logo.png

လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့ သည် မှတ်ပုံတင်ထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ လူတစ်ဦး၏ အသက်၊ လူမျိုး၊ လူမျိုးနွယ်စု၊ ဖိုမ၊ နိုင်ငံရေး သို့မဟုတ် ဘာသာရေး ဆက်နွယ်မှုတို့ကို မခွဲခြားဘဲ လူတိုင်းတွင် အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးများရရှိရမည်ဟု လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့ မှ ခံယူထားပါသည်။

လူတိုင်းအတွက် ကျန်းမာရေးအဖွဲ့ သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက်လျှက်  နိုင်ငံတစ်ဝှမ်းရှိ ချို့တဲ့သည့်ကလေးနှင့် လူကြီးများအား ဆေးကုသစရိတ်နှင့် လိုအပ်သော ရောဂါရှာဖွေစစ်ဆေးမှုစရိတ်တို့ကို ပံ့ပိုးပေးခြင်းဖြင့် ကူညီလျက်ရှိသည်။ ထို့အပြင် အဖွဲ့အစည်း၏ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုခြင်းလုပ်ငန်းစဥ်များအားဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်းပါးသော ဒေသာများရှိ လူများ နှင့် အားနည်း၍ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများ ကျန်းမာရေးစောင့်‌ရှောက်မှုကိုလက်လှမ်းမှီရရှိရေးကိုလည်း တိုးတက်ကောင်းမွန်လာစေသည်။ 

IMG_3904.JPG

မျှော်မှန်းချက်

လူတိုင်း အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်စေရန်။

ခံယူချက်

မြန်မာနိုင်ငံရှိ အားနည်း၍ထိခိုက်လွယ်သော အသိုက်အဝန်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူ့အခွင့်အရေးများ လက်လှမ်းမှီရရှိရေး ပံ့ပိုးကူညီခြင်းဖြင့် လူနေမှုဘဝများ တိုးတက်စေပါသည်။

IMG_0062.JPG

Contact Us 

  • Facebook

Address: No.5/576, U-Yin 1st Street, Ward (5), Hpa-an, Kayin State

Email: hfa.myanmar@gmail.com

bottom of page